နေပြည်တော် မေ ၁၀
ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူ၊
ဝါကြိတ်စက်လုပ်ငန်းရှင်များမှအစ ပြည်ပတင်ပို့သည့် Exporter များအထိ သင့်တင့်မျှတသည့်
ဈေးနှုန်းများ၊ ထိုက်သင့်သည့် အကျိုးအမြတ်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
တက်ရောက်လာကြသည့် ဌာနများနှင့် သက်ဆိုင်ရာအသင်း အဖွဲ့များမှ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေလိုပါကြောင်း၊ အခက်အခဲများရှိပါကလည်း
သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့
တက်ရောက်လာသူများက ဝါစိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံပိုင်စက်ရုံများနှင့် တိုင်းရင်းသားချည်လုပ်ငန်းရှင်များက
ဝါဂွမ်းဝယ်ယူရရှိမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝယ်ယူရန် လျာထားမှု၊ ပြည်ပတင်ပို့မှုနှင့်
ဝါသီးနှံနှင့် ဝါဂွမ်းလက်ကျန်ကျန်ရှိမှုနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး
ပြည်ထောင်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ပေးသည်။
အစည်းအဝေးသို့
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၊
ဝါလုပ်ငန်းနှင့် ပတ်သက်သည့် အသင်းအဖွဲ့များနှင့် ဝါဂွမ်းတင်ပို့သည့် Exporter များ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment