Wednesday, May 18, 2022

မွန်ပြည်နယ် ၀န်ကြီးချုပ် ကျိုက်ထိုမြို့နယ်ရှိ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

ကျိုက်ထို မေ ၁၈

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းမှ  ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊   မြို့မိမြို့ဖများအား မေ(၁၈)ရက်  နံနက် (၁၀)နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။


တွေ့ဆုံပွဲတွင် မွန်ပြည်နယ်၀န်ကြီးချုပ်  ဦးဇော်လင်းထွန်း မှ ကျိုက်ထိုမြို့သည့်  ဗုဒ္ဓဘာသာ ထွန်းကားပြီး ဘုရားဖူးပြည်သူ အများအပြားလာရောက်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတာဝန်မခွဲခြားဘဲ ဘုရားဖူးပြည်သူများအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ကူညီပေးရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း   ဌာန၏ ရည်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းကျင့်၀တ်၊ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတို့နှင့် ကျင့်ကြံနေထိုင်သွားရမည်ဖြစ်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်း ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှေးဟောင်းစေတီပုထိုးများအား ပြန်လည်ပြုပြင် မွမ်းမံကြရန်၊ နိုင်ငံတော် အနေဖြင့် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ဆောင်ရွက်နေပြီး စက်သုံးဆီနှင့် စားအုန်းဆီ ချွေတာသုံးစွဲနိုင်ရန်၊  ပညာရေးကဏ္ဍအနေဖြင့် ကျောင်းသူကျောင်းသားများ အောင်ချက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာရေးတိုးတက်မြင့်မားပါက လူ့စွမ်းအားအရင်းအမြစ်ကြွယ်ဝမည်ဖြစ်ကြောင်း၊ အားကစားအခန်းကဏ္ဍကိုလဲ မြှင့်တင်ပေးရန်၊  ကျိုက်ထီးရိုးဆံတော်ရှင်   စေတီသို့အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများအား မြို့ခံများအနေဖြင့် ရောင်းချသည့် ယိုစုံများအားခေတ်မှီနည်းပညာစနစ်ဖြင့်   အရည်အသွေးနှင့်    ထုပ်ပိုးမှု ကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ အထူးဂရုပြုဂရုစိုက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးမှ ကျိုက်ထိုမြို့ရှိ လူဦးရေစာရင်းအားကောက်ခံခဲ့ရာ   လူဦးရေ စုစုပေါင်း (၁၇၃၅၂၃)ဦး ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ ကျိုက်ထိုမြို့နယ်တွင် ကော့ထင်းကျေးရွာအပါအဝင် ကျေးရွာ(၄)ခု၌ မြေနုကျွန်း ဧက (၄၀၀၀)ခန့်ပေါ်ထွန်းနေသည့်အတွက် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ အားကစားအနေဖြင့်    ဖူဆယ်ဘောလုံးပြိုင်ပွဲအား အသင်း(၁၂)ဖြင့်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းတို့အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားရာတွင် မြေနုကျွန်းပေါ်ထွန်းသည့်   ကိစ္စနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေ အခန်း(၁၂)ပါအတိုင်း ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ မှာကြား၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားသို့  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ  ဝန်ကြီး     ဗိုလ်မှူးကြီး နေထွဋ်ဦး နှင့် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး   ဦးတိုးဝင်း၊ မွန်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဥက္ကာကို၊   ကျိုက်ထို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင် ဗိုလ်မှူး ပြည်ထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။

၀င်းမောင်(ကျိုက်ထို)

No comments:

Post a Comment