Wednesday, May 18, 2022

ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး မေ ၁၈

၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး၊ မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ညနေ ၄ နာရီကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပခြင်းအားဖြင့် ဒေသတွင်းလူငယ်လူရွယ်များ၏ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မိမိကိုယ်စားပြုအသင်း၏ ဂုဏ်ကိုဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ခရိုင် ၄ ခရိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါဘော်လီဘောပြိုင်ပွဲတွင် တောင်ငူခရိုင်အသင်းက(ပထမ)၊ သာယာဝတီခရိုင် အသင်းက(ဒုတိယ)နှင့် အကောင်းဆုံးအားကစားသမားဆုကို သာယာဝတီခရိုင်အသင်းမှ ချစ်ညီညီကရရှိပြီး တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ပဲခူးခရိုင်၊ ပြန်/ဆက်


No comments:

Post a Comment