Wednesday, May 18, 2022

မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

 

ညောင်ရွှေ မေ ၁၈

မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက ညောင်ရွှေမြို့ အ.ထ.က(၁) ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။





သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း အရင်းအမြစ်ကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်လည်ပတ်ရာ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းအတွက် ရေခံမြေခံကောင်းများ၊ အလား အလာကောင်းများ တည်ရှိရာဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားအားလုံးအတွက် အသင့်ဖြစ်စေရန်နှင့် အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်စေရန် မသန်စွမ်းခရီးသွားများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာသင်တန်းကို စမ်းသပ်စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ အင်းလေးဒေသသည် မြန်မာပြည်၏ အဓိက ခရီးစဉ်(၄)ခုဖြစ်သော၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးအနက်တစ်ခုအပါအဝင်ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလတွင် အင်းလေးဒေသကို ပြည်ပဧည့်သည်တစ်နှစ်လျှင် (၂) သိန်းကျော် လာရောက်လည်ပတ်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ လာရောက်လည်ပတ်သည့် ဧည့်သည်များထဲတွင် မသန်စွမ်းခရီးသွား ဧည့်သည်ပါလာနိုင်သည့်အတွက် ၎င်းဧည့်သည်များကို ကောင်းမွန်စွာ ဝန်ဆောင်မှုပြုနိုင်ရန် လိုအပ်မည်ဖြစ်သည့်အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို၊ ကလောမြို့ ၊တာချီလိတ်မြို့၊ ကျိုင်းတုံမြို့တို့တွင် တစ်ကြိမ်စီဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် ညောင်ရွှေမြို့၌ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မသန်စွမ်းခရီးသွားများအတွက် ဝန်ဆောင်မှုပေးနိုင်ရန် အသိပညာပေးခြင်း၊ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိမိတို့ဟိုတယ်၊ မိမိတို့ဒေသ၊ မိမိတို့ ပြည်နယ်ပုံရိပ်ကို မြှင့်တင်ပေးရာရောက်ပါကြောင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံဖြိုးလာသည်နှင့် အမျှ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေမှာဖြစ်ပါကြောင်း ပြောကြားသည်။

 ဆက်လက်၍ ညောင်ရွှေမြို့နယ် ဟိုတယ်လုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးစဝ်သာဦးမှ အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ရာ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ကြပြီး အဆိုပါသင်တန်းကို ညောင်ရွှေမြို့ရှိ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များမှ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦးဖွင့်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်း ၊ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင့်လှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ရုံးဆိုင်းဘုတ်အား အမွှေးနံသာ ပက်ဖြန်းပေးကြပြီး ညောင်ရွှေမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြား၍ နန်းပန်မြို့ အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းမှ မြို့နှင့်ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက်များကို တင်ပြတောင်းဆိုရာ ပြည်နယ်ဝန်ကြီးချုပ်မှ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာများတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်စကားပြေားကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့နယ် သာစည်ကန် အတွင်းရှိ ဆည်၊ နှုန်းများ ဆယ်ယူပြီးစီးမှုနှင့် ကန်အတွင်းရှိ ရေစီးဝင်နေမှုတို့ကို ဝင်ရောက်ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment