Friday, May 20, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး လက်ပံတန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်ရန် မြေနေရာအား ကြည့်ရှုစစ်ဆေး


 

လက်ပံတန်း မေ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ်၊ မအူကုန်ရပ်ကွက်၊ ဦးပိုင်အမှတ်(၁၅ဃ)၊ မြေကွက်အမှတ်  (၁-ခ)၊ စက်မြေရပ်၊ အကျယ်အဝန်း (၁၀၀ x ၁၀၀)ပေ၊ ဧရိယာ (၀.၂၂၉)ဧကရှိ လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လက်ရှိဖွင့်လှစ်ထားရှိသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment