Friday, May 20, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး သာယာဝတီခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်ရန်မြေနေရာအား ကြည့်ရှုစစ်ဆေး

 


သာယာဝတီ မေ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဆောက်လုပ်ရန်မြေနေရာအား ယနေ့နံနက် ၈ နာရီခွဲက သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုမှူးကြီးအောင်စည်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဦးစောထွန်းဦး၊ အဖွဲ့ဝင်(၂)ဦးမြင့်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြည်မျိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဒေါ်သွင်သွင်ခိုင်နှင့် ခရိုင်၊မြို့နယ်ကော်မရှင်အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးနှင့်အဖွဲ့သည် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တည်ဆောက်ရန် မြေနေရာအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ဆောက်လုပ်ရန်ရရှိထားသော မြေနေရာများအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)

No comments:

Post a Comment