မင်းလှ မေ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တ/ မြို့သစ်(၅)၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့်မြေနေရာအား ယနေ့နံနက် ၉နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များက
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် အလျား ၁၀၀ ပေ၊ အနံ ၈၀ ပေရှိ
မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးစိုးထွဋ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဦးစီးအရာရှိ ဒေါ်နှင်းဝေအောင်တို့က
မြေနေရာကိစ္စရပ်များ ဆောင်ရွက်ထားခြင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
No comments:
Post a Comment