နေပြည်တော် မေ ၃
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သဘောထားမှတ်ချက်မေးမြန်းလာခြင်းအပေါ် ပြန်ကြားနိုင်ရေး၊ ပြည်ထောင်စုနယ်၊ နေပြည်တော်တွင် ဒေသအတွင်းရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေလွယ်ကူချောမွေ့စေရေး အတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးစေလိုကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရှင်သန်ရပ်တည်တိုးတက် အောင်မြင်စေရေး လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကြုံတွေ့ရသည့် အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က MAYLP Agriculture Co., Ltd. မှ အကျိုးတူလယ်ယာစနစ်ဖြင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆန်နှင့် ဆန်ကွဲများ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် အဆိုပြုချက်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သဘောထားပြန်ကြားနိုင်ရေးနှင့် စက်အုတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သစ်လွင်သောကမ္ဘာရွှေပြည်တန် ကုမ္ပဏီလီမိတက်၏ တည်ဆောက်ရေးကာလ ထပ်မံတိုးမြှင့်ခြင်းအတွက် အတည်ပြုမိန့် ပြင်ဆင်ထုတ်ပေးခွင့်ပြုရန်နှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက်ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment