ရန်ကုန် ဧပြီ ၇
(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် အုပ်စု (က) တွင် ကျရောက်ခဲ့သည်။
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင်
အရှေ့တောင် အာရှ ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊
တီမော၊ အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘော ဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့
ပါဝင်နေသည်။ ယင်းပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ
ထိပ်ဆုံးနှစ်သင်းစီမှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၉
ဆီးဂိမ်းပြိုင်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် အသင်းများအနက် တီမော၊ ဖိလစ်ပိုင်တို့နှင့်
ပြန်လည်တွေ့ဆုံနေသည်။ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက်အဖြစ်
သတ်မှတ်ထားပြီး အသက်ကျော်ကစားသမား သုံးဦး အသုံးပြုခွင့်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို
မေ ၆ ရက်မှ ၁၆ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၉ ရက်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို
မေ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရ ခဲ့သည့်
ဗီယက်နမ်၊ ငွေတံဆိပ်ရခဲ့သည့် အင်ဒိုနီးရှားနှင့် ကြေးတံဆိပ်ရရှိခဲ့သည့် မြန်မာအသင်းမှာ
တစ်အုပ်စုတည်း ကျရောက်နေခြင်းဖြစ်သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန်
ပဏာမ ကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေပြီး နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား
ပိုပေါ့ဗ်က ကိုင်တွယ်လျက် ရှိသည်။
ကိုညီလေး
No comments:
Post a Comment