Friday, April 8, 2022

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ကျင်းပ

 ရန်ကုန် ဧပြီ ၇

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည်။

ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။ အုပ်စုခွဲဝေ ထားမှုအရ အုပ်စု(က)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အုပ်စု(ခ)တွင် ထိုင်း၊ မြန်မာ၊ လာအိုနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို မေ ၉ ရက်မှ ၁၅ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို မေ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်းအရေ အတွက်နည်းပါက အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပ သော်လည်း ယခုနှစ်တွင်မူ အုပ်စုနှစ်ခုခွဲ၍ ကျင်းပခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဆိးဂိမ်းပြိုင်ပွဲတစ်လျှောက် ငွေနှင့် ကြေးတံဆိပ်ဆုများသာရရှိဖူးပြီး နောက်ဆုံး ကျင်းပသည့် ၂၀၁၉ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင်လည်း ကြေးတံဆိပ်ရရှိခဲ့သည်။

ကိုညီလေး

No comments:

Post a Comment