Thursday, April 14, 2022

မန္တလေးမြို့ ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 

မန္တလေး ဧပြီ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏လမ်းညွှန်မှုဖြင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင် ရေးအတွက် ရတနာပုံဥယျာဉ်ကြီးအား ရည်မှန်းချက်ကြီးကြီးဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁၃ရက်၊ ခရစ်နှစ်၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက် သော မြန်မာ့ရိုးရာသင်္ကြန်အကြိုနေ့ မင်္ဂလာနံနက်ခင်း အချိန်တွင် ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ဥယျာဉ်တည်ရှိရာ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြားတွင် အောင်အောင်မြင်မြင်နှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

တက်ရောက်

အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးဝန်ကြီးချုပ်က ရတနာပုံ ဥယျာဉ်ဖွင့်ပွဲအထိမ်းအမှတ်ကမ္ပည်းမော်ကွန်း ကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များကကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်ရတနာပုံဥယျာဉ် မင်္ဂလာမဏ္ဍပ်တွင်နေရာယူကြပြီး ဝန်ကြီးချုပ်နှင့် မန္တလေးမြို့တော်ဝန်တို့က ရတနာပုံဥယျာဉ် တည်ဆောက်ရခြင်း အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မန္တလေးမြို့ရတနာပုံဥယျာဉ် ဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရလက်ဆောင်များ ပေးအပ် ကြ၍ မန်းကျုံးရေပြင်ရတနာပုံခေတ်လှေ အလှသရုပ်ပြမှုနှင့် လှည်းယဉ်ကျော့တင်ဆက်မှု၊ မင်္ဂလာဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါရတနာပုံဥယျာဉ်ကို ကျုံးမြို့ရိုး၊ ပြအိုး အလှများဖြင့် ရှုမငြီးလှသည့် ကျုံးရေပြင်တို့အကြား တွင်တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် မြန်မာပြည်တွင်သာမက ကမ္ဘာတွင်ပင်မရှိသည့် ရှေးဟောင်းအမွေအနှစ်နေရာဒေသကြီးအား မူလပကတိ ရှေးဟောင်းကို ထိခိုက်မှုမရှိစေဘဲ ရှေးဟောင်းကိုပံ့ပိုးမှုဖြင့် အလှကျက်သရေ ပိုမိုပြည့်စုံခဲ့သည်။

တည်ဆောက်ဖွင့်လှစ်ခဲ့

အဆိုပါ ရတနာပုံဥယျာဉ်စီမံကိန်းကို မန္တလေးကျုံးနှင့် မြို့ရိုးပတ်လည်တွင်အများပြည်သူများ အပန်းဖြေ နိုင်ရေးနှင့်ကျန်းမာရေးအတွက် နံနက်/ညနေ အားကစားလှုပ်ရှားမှုများဆောင်ရွက်ရန်၊ ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လေ့လာသိရှိ စေရန်ရည်ရွယ်ပြီး တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment