Thursday, April 14, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ပဲခူး ဧပြီ ၁၃ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် ပဲခူးမြို့ဗဟိုမဏ္ဍပ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အမှတ်(၇၇)ခြေမြန်တပ်မဌာန ချုပ် ဒုတိယတပ်မမှူးနှင့် မြို့မိမြို့ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြရာ ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်နှင့် အတာသင်္ကြန်ရေပက်ဖျန်းပေး သည်။

ယင်းနောက် ဖျော်ဖြေရေးယိမ်းအဖွဲ့များက သင်္ကြန်မိုး၊ နွေဦးကဗျာ၊ နှစ်သစ်မင်္ဂလာသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ညပိုင်းတွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအစီအစဉ်များဖြင့် တင်ဆက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment