Saturday, April 23, 2022

မန္တလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်း (၁/၂၂) သင်တန်းသား သင်တန်းသူများကြိုဆိုပွဲ ကျင်းပ

 


မန္တလေး ဧပြီ  ၂၂

မန္တလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း  (၁/၂၂)   သင်တန်းသား သင်တန်းသူများ ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ   မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်   ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျောင်းအုပ်ကြီး နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်အမှာစကား  ပြောကြားရာတွင်   ပညာခေတ် တွင် ဆရာဆရာမများက ပဲ့ကိုင်သူများဖြစ်ပြီး လိုရာသွားမည့် တပည့်များကို      ပညာလှေကိုစီးပြီး အရောက် ပို့ပေးရန်အတွက် လှော်ခတ်ကြမည့်သူများ လည်းဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားဆောင်ရွက်နိုင်သည့် ပညာ့ဥယျာဉ်မှူးများဖြစ်ကြောင်း၊ ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာဖြစ်ပါကြောင်းနှင့် မိမိတတ်ထားသည့်ပညာဖြင့် ပြည်သူအတွက် တိုင်းပြည်အတွက် ထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားသင်ကြားပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်က ပညာရေးဘွဲ့၊ စာပေး စာယူ ပထမနှစ်သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် လိုက်နာရမည့်   စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၂)သင်တန်းတွင် အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ် သင်တန်းသား သင်တန်းသူ စုစုပေါင်း  ၇၇၄ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ ဇန်နဝါရီမှ နိုဝင်ဘာအထိဖြစ်ပြီး အနီးကပ်သင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၂၅ ရက်အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment