နေပြည်တော် ဧပြီ ၂၂
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ
မြို့မရွှေကြာရုံစာသင် တိုက်သို့ လည်းကောင်း၊
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ အိမ်ရှေ့ပြင်ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ်
သထုံမြို့နယ်ရှိ မဟာအောင်မြေ ရွှေဘုံပရိယတ္တိစာသင်တိုက်သို့ လည်း ကောင်း၊ ရခိုင်ပြည်နယ်
စစ်တွေမြို့နယ်ရှိ မြို့မပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ရှိ
ရွှေဂူပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ
ရွာလယ်ကျောင်း ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို
သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment