Sunday, April 17, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ သက်ကြီး ဘိုး/ဘွားများအား ပူဇော်ကန်တော့

 

နေပြည်တော် ဧပြီ ၁၇

(၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဝန်ထမ်းမိသားစုများက ဥပ္ပါတသန္တိ စေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်သည့် မေတ္တာသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူ ကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ လတ်တလောဖြစ်ပွားနေမှုအခြေအနေအရ နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်အတူ နေထိုင်သည့် အသက် (၇၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွား ၂၅ ဦး တို့ကို ဂါရဝ လက်ဆောင်အဖြစ် အဘိုးတစ်ဦးလျှင် ပုဆိုး ၁ ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀/- ၊ အဘွား တစ်ဦးလျှင် လုံချည် ၁ ထည်နှင့် လှူဒါန်းငွေကျပ် ၅၀၀၀၀/- တို့ကို သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment