Tuesday, April 12, 2022

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော် ဧပြီ ၁၁

ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ဝန်ဆောင် မြို့ဥူးကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးမုံရွာမြို့နယ်ရှိ အုတ်ကန်တောရ ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမင်းလှမြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ မူလကမ္ဘာအေးကျောင်းတိုက် (မိုးကုတ်ရိပ်သာ)သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့နယ်ရှိ မြောင်းမြကျောင်း ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment