Tuesday, April 12, 2022

နယ်စပ်‌ရေးရာဝန်ကြီးဌာနမှ မိုင်းပျဉ်းမြို့နယ်အတွင်း ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်း လုပ်ငန်းဆောင်ရွက်

 

နေပြည်တော် ဧပြီ ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ထောက်ပံ့ရန်ပုံငွေ ဖြင့်ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာ အုပ်စုဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ် ၇ ဝမ်မတ်ကွင်း အတွင်းရှိတောင်သူများ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ်တွင် ၂ ဒသမ ၄ ကီလိုဝပ်ဆိုလာ စနစ် တည်ဆောက်၍ ၁၅၀၀ ဝပ် ရေပန့်တပ်ဆင်ကာ ချောင်းရေတင် စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီလမှစတင်၍ (၆ x၆ x ၁၃) ပေ ကျောက်စုရေစုကန်နှင့် (၁၂ x ၁၂ x ၆ ) ပေ မြေသားရေလှောင် ကန်တူးဖော်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ဧပြီလကုန်တွင် ဒေသခံတိုင်းရင်းသား တောင်သူများအား ၁၂ လ ရာသီပတ်လုံးစိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်သည်။

အဆိုပါ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်း လုပ်ငန်းအားဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေ ၁၂ ဒသမ ၅၂ ဧကအား လွှမ်းခြုံ အကျိုးပြုမည်ဖြစ်ပြီး မိုးစပါး၊ နွေစပါးနှင့်ရာသီ သီးနှံများစိုက်ပျိုးရာတွင် ကုန်ကျစရိတ်လျော့နည်း သက်သာခြင်း၊ ၁၂ လရာသီ စိုက်ပျိုးနိုင်သည့် အတွက်တစ်ဖက်တစ်လမ်းမှ တောင်သူများ ဝင်ငွေ ပိုမိုတိုးတက်လာခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment