Thursday, April 14, 2022

မြို့နယ်ချင်းဆက်လမ်းပေါ်၌ ပေ ၇၀ ဘေလီတံတား ရာနှုန်းပြည့်ပြီးစီး

နေပြည်တော် ဧပြီ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဉ္စမအကြိမ် အိန္ဒိယသမ္မတနိုင်ငံအထောက်အပံ့ ရန်ပုံငွေကျပ် ၂၀၆ ဒသမ ၇၇၇ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း ၂၂၅ မိုင် ၄ ဖာလုံ အနက် ဖောက်လုပ်ပြီး မြေလမ်း ၁၁၇ မိုင် ပေါ်တွင် တီတီချောင်း၌ ပေ ၇၀ နှစ်လွှာ တစ်ထပ်ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရာနှုန်းပြည့်ပြီးစီး

အဆိုပါတံတားအား စာရာမေရိ မိသားစုကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မိုးတွင်း ကာလ၌ ဒေသခံပြည်သူများ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ် သည်။ တံတားတည်ဆောက်ပေးခြင်းဖြင့် ဒေသခံကျေးရွာ ကိုးရွာမှ အိမ်ခြေ ၂၂၄၇ အိမ်၊ လူဦးရေ ၁၁၂၄၈ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုမည်ဖြစ် ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment