မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်
၂၀၂၂ ခုနှစ် ၊ ဧပြီလ ၂၂ ရက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မိဘပြည်သူများခင်ဗျား
နိုင်ငံတော်အစိုးရနဲ့
တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့
ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး
ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။
၇၅ နှစ်ကာလ ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ
မခံစားရသေးတာကိုလည်း လက်ရှိ ပကတိ ဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိက အကြောင်းအရာကတော့
သဘောထား ကွဲလွဲမှုများ အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်
ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကို
ကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။
ဒါကို
လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ် ပါတယ်။
အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။
လိုအပ်ရင်လည်း
ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေး ကြပါ။ တက်ရောက်မယ့်သူ
ပုဂ္ဂိုလ်များရဲ့ အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထား ပြီး ပြန်ကြားပေးကြစေလိုပါတယ်။
နှစ်ဘက်ညှိနှိုင်းပြီးတော့မှ
ရက်သတ်မှတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကို ခံစားနိုင်ရေး ကျွန်တော်တို့ အားလုံးလက်တွဲပြီး
ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြပါမယ်။
ပြည်ထောင်စုသားအားလုံးရဲ့
အကျိုးကို ရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလို ပါတယ်ခင်ဗျား။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment