မော်လမြိုင် ဧပြီ ၂၂
ပညာရေး၀န်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သူများ ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပညာညီလာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာ တွင် ဆရာ၊ ဆရာမ(၅၈၄) ဦးတက်ရောက်ခဲ့သည့်အတွက် ၀မ်းသာဂုဏ်ယူပါကြောင်း၊ အခြား တိုင်း၊ ပြည်နယ်တွေမှာလည်း တစ်ပြိုင်တည်းဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အခြေခံပညာ ကျောင်းများမှာ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရည်အသွေး တိုးတက် လာစေရန်၊ ကျောင်းသားဦးရေ တိုးတက်လာသည်နှင့်အမျှ အရည်အသွေးရှိသော ဆရာ၊ ဆရာမ များ တိုးပွားလာစေရန်၊ အခြေခံပညာသင်ကြားမှု၊ သင်ယူမှု အခွင့်အလမ်းများ တိုးပွားလာစေ ရန်၊ မိမိ၏နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် ဘက်ပေါင်းစုံ၊ ကဏ္ဍ
ပေါင်းစုံတွင် ထူးချွန်သည့် ဆရာ၊ဆရာမ ကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထိုနောက် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်၀င့်သီင်္ဂီကျော်က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း သို့တက်ရောက်ကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်
ခရိုင်ပြန်/ဆက်
No comments:
Post a Comment