ထားဝယ် ဧပြီ ၂၂
(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟို အဆင့်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများကိုအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၂၃)ကြိမ်မြောက်မြန်မာတိုင်းရင်းသား တို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် ပြုလုပ်သောအစည်းအဝေးဖြစ်ကြောင်း၊အဆို၊ အက၊ အရေး၊ အတီးအား မကျင်းပနိုင်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်နေပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့
အနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မပျောက်ပျက်စေရေးနှင့် ထိန်းသိမ်းနိုင်ရေးအတွက် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် အဆို၊ အက၊
အရေး၊ အတီးပညာရှင်များရှိပြီဖြစ်ပြီးဖြစ်နိုင်သော အနေအထား အပေါ် မူတည်၍ ပြိုင်ကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီအလိုက်
လုပ်ငန်းတာဝန်များ လုပ်ဆောင်ပြီးပြိုင်ပွဲတွင်ပါဝင်
ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အနုပညာရှင်များအပေါ် မူတည်ပြီး ရွေးချယ်ရန်လိုအပ်ကြောင်း၊
လုပ်ငန်းကော်မတီများအနေဖြင့် ဆောင်ရွက်မည့် အစီအမံများ၊ လေ့ကျင့်အချိန်များ၊
လိုအပ်သည် များကို ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက
ပြိုင်ပွဲကျင်းပရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့်
ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင်စိစစ်ရွေးချယ်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊
သယ်ယူပို့ဆောင် ရေးနှင့်ကြိုဆိုနေရာချထားရေး၊
ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်
သတင်းထုတ်ပြန်ရေး၊ ဧည့်ခံကျွေးမွေးရေး စသည့်လုပ်ငန်းကော်မတီ ရှင်းလင်း တင်ပြကြပြီးတိုင်းဒေသကြီး ဝန်ကြီးများက လိုအပ်သည်များဖြည့်စွက်
ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment