Sunday, March 6, 2022

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT-အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲကျင်းပ

  


တောင်ကြီး   မတ်   

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT-အမှတ်စဉ် (/၂၀၂၀)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းပညာရေးဒီဂရီကောလိပ် ()ကျောင်းအနက် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်မှ ၂၀၂၂ခုနှစ် မတ်လ ()ရက်အထိ ဖွင့်လှစ်ခဲ့သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (/၂၀၂၀)ကို ယနေ့ ၂၀၂၂ ခုနှစ် မတ်လ ()ရက်နေ့တွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ရှမ်းပြည်နယ် အခြေခံပညာ ကဏ္ဍ၏ လိုအပ်သည့် နေရာများတွင်ဖြည့်တင်း တာဝန်ထမ်းရွက်စေမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင် (၁၁)မြို့နယ်မှ (၂၃၆)ဦး၊ လွိုင်လင်ခရိုင် ()မြို့နယ်မှ (၅၅)ဦး၊ လင်းခေးရိုင်()မြို့နယ်မှ (၂၀)ဦး၊ စုစုပေါင်း ကျား(၁၀၂)ဦး၊ (၂၀၉)ဦး စုစုပေါင်း (၃၁၁)ဦးတို့ သင်တန်းကို အောင်မြင်စွာတက်ရောက်နိုင်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများ အနေဖြင့် သင်တန်းကာလအတွင်း လေ့လာဆည်းပူခဲ့သော ဆရာအတတ်ပညာများကို လက်တွေ့ အသုံးချနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဆရာ၊ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာများဖြင့် မိမိတို့၏ တပည့်များကို ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းများဖြစ်အောင် မွေးထုတ်ပေးရမည်ဖြစ်ပြီး ခေတ်မီမှန်ကန်သော နည်းလမ်းဖြင့်ထက်ထက်၊ မြက်မြက်၊ တက်တက်ကြွကြွ စိတ်အားထက်သန်စွာစေတနာထားပြီး တာဝန်ကိုကျေပွန်စွာ စုပေါင်းဆောင်ရွက်မှုပြုကြရန် ပြောကြားသွားသည်။

ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးမှ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းကာလအတွင်း သင်တန်းသားများ၏ စွမ်းရည်ပြိုင်ပွဲဖြစ်သည့် စက်မှုလက်မှုဌာနမှ ခြင်းလုံးရက်ပြိုင်ပွဲ၊ အိမ်တွင်းမှုချည်ပန်းထိုး၊ စိုက်ပျိုးရေးတွင် ပန်းအလှစိုက်ခင်း၊ ဂီတအနုပညာတွင် ကဗျာလွတ်အက၊ ကာယပညာတွင် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ (ကျား/) ထုတ်ဆီးထိုးပြိုင်ပွဲတွင် ဆုရရှိသူများအား အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ဆုများချီးမြှင့်ပေးကြပြီး သင်တန်းပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်အပ်နှင်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးတက္ကသိုလ် Ethical Research Committee (ERC) ခန်းမတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ဆောင်ရွက်နေသော ဆောက်လုပ်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသီသင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အဦ ဆောက်လုပ်နေမှုနှင့် ဘောလုံးကွင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)


 

No comments:

Post a Comment