Sunday, March 6, 2022

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အပြစ်မဲ့ ပြည်သူများအား PDF အကြမ်းဖက်သမားများမှ အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်

 


မကွေး မတ်   

၂၀၂၂ ခုနှစ်၊ မတ်လ ရက် နံနက် နာရီခွဲခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ချောင်းနားတိုက် ကျေးရွာနေ ဦးအောင်မျိုး( ၂၀ နှစ်) ()ဦးဝင်းဆောင် သည် ၎င်းဇနီး၏ မိဘများနေထိုင်ရာ ဇီးတောတိုက်ကျေးရွာများသို့ အလည်ရောက်ရှိနေစဉ် မျက်နှာတွင် Mask များတပ်ဆင်ထားသော PDF အကြမ်းဖက်သမား ဦး နေအိမ်ခြံဝန်းအတွင်းရောက်ရှိလာပြီး အိမ်ရှေ့ကုလားထိုင်တွင် ထိုင်နေသည့် ဦးအောင်မျိုးအား လက်နှစ်ဖက်ဦးခေါင်းပေါ်တင်ခိုင်း၍ သေနတ်ဖြင့် ချက် ပစ်ခတ်ပြီး ပြန်လည်ထွက်ခွာ သွားကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဦးအောင်မျိုး၏ ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သက်ဆိုင်ရာပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


အလားတူ ၂၀၂၂ ခုနှစ်၊ မတ်လ ရက် နံနက် နာရီခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆပန်ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာနေ ဦးခင်ဝင်း( ၆၆ နှစ်)() ဦးမြတ်ကွင်းအား နေအိမ်၏ တောင်ဘက် ပန်းဘဲဖိုတွင် အိပ်နေစဉ် မော်တော်ယာဉ် စီးဖြင့် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်မှ မောင်းပြန်၊ တူမီးသေနတ်များ ကိုင်ဆောင်ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲကာ မောင်းပြန်သေနတ်ဖြင့် ချက်ပစ်ခတ်၍ ဦးခင်ဝင်းမှာ ရရှိဒဏ်ရာဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ရွှေဘုံသာ-ဆပန်-ချောင်းဝ လမ်းအတိုင်း ချောင်းဝ ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အလားတူ ၂၀၂၂ ခုနှစ်၊ မတ်လ ရက် နံနက် ၁၀ နာရီခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာနေ ဦးဟန်ဝင်းအောင် (၄၅) နှစ် ()ဦးဖိုးတုတ် နှင့် ဦးသိန်း( ၄၄) နှစ်()ဦးငွေသောင်း တို့ နှစ်ဦးသည် ကန်ကလေးကျေးရွာသို့ ဆိုင်ကယ်ဆီဝယ်ရန် သွားရောက်ခဲ့ပြီးအပြန်တွင် သရက်ကန်ကျေးရွာနှင့် ကန်ကလေး ကျေးရွာကြားသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်သမား ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်၍ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်းသိရသည်။ ပစ်ခတ်မှုကြောင့် ဦးဟန်ဝင်းအောင်သည် လည်ဂုတ်ပြတ်ရှဒဏ်ရာ ချက်၊ ဝဲနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ချက်ဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး၊ ဦးရာသိန်းသည် ဝဲဂျိုစောင်းဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ၁ ချက် ရရှိခဲ့၍ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



 

No comments:

Post a Comment