ဇီးကုန်း မတ် ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရေတာရှည်ကျေးရွာတွင် ယမန်နေ့ညနေ ၃ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နေအိမ်မီးဖိုမှတစ်ဆင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်၍ ကျေးရွာသူ/သားများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် (၁၅)လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးများထံတွင် နေရာချထားစီစဉ်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)
No comments:
Post a Comment