Saturday, March 5, 2022

မိဘပြည်သူများသို့ အသိပေးကြေညာခြင်း



အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအားဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား (၁-၄-၂၀၂၂) နေ့ (၀၆:၀၀) နာရီမှစ၍ ပြသစစ်ဆေးခံရမည် ဖြစ်ပါသည်။ 

နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ပါ။ 

နိုင်ငံသားကတ် (မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းလည်း အသိပေး အပ်ပါသည်။ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

No comments:

Post a Comment