နေပြည်တော် မတ် ၅
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဈေးတန်းလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)အား မတ် ၄ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်အမျိုးသား ၁၀ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေများလုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါဘဏ်ရှိ ဘဏ်လုံခြုံရေးဝန်ထမ်းဖြစ်သူ စောဒီမိုးထူး(၃၂)နှစ် (ဘ) ဦးစောကထူးသည် ဘဏ်၏အနောက်ဘက်ဘေးရှိ မီးစက်အနီး၌ရှိနေစဉ် သေဌမာန်အောင် ဘုရားကြီး၊ ယုဇနလမ်းဘက်မှ Hijet အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် မျက်နှာတွင် Mask နှင့် အဝတ်များ တပ်ဆင်ဖုံးအုပ်ထားသည့် အမျိုးသား ၁၀ ဦးရောက်ရှိလာပြီး အမျိုးသား ၁ ဦးက စောဒီမိုးထူးအား သေနတ်ဖြင့်ထောက်၍ ဘဏ်အတွင်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ၎င်းနောက် အသင့်ယူဆောင်လာသော သေနတ်များအား ထုတ်ယူကာ သေနတ် ၁ ချက်ပစ်ဖောက်၍ ဘဏ်ဝန်ထမ်းများအား ခေါင်းငုံ့ခိုင်းကာ ဘဏ်မန်နေဂျာဖြစ်သူ ဦးကျော်စိုးသူ(၃၅)နှစ်(ဘ) ဦးမြထူးနှင့် ဘဏ်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၈ လုံး၊ ဘဏ်ကောင်တာပေါ်ရှိ မြန်မာငွေ စက္ကူရောရာ ၂၃၀,၄၅၇,၈၀၅ ကျပ် ၊ DELL အမျိုးအစား LAPTOP ၂ လုံးနှင့် HIKVISION အမျိုးအစား CCTV အထိုင်စက် ၁ လုံး တို့အား လုယက်ယူဆောင်၍ ဘဏ်အတွင်းရှိ CCTV ကင်မရာများ၊ VIEW SONIC အမျိုးအစားမော်နီတာ ၁၂ လုံး၊ CANNON အမျိုးအစား ပရင်တာ ၂ လုံး၊ GLORY အမျိုးအစား ငွေရေစက် ၄ လုံးတို့အား ဖျက်ဆီးကာ မော်တော်ယာဉ်ဖြင့် ဈေးတန်းလမ်းမှတစ်ဆင့် အမှတ်(၂) ရပ်ကွက်၊ ဆယ်အိမ်စုကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ဘဏ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေများအား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စိတ်ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment