Wednesday, January 19, 2022

ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ငါးမျိုးများစိုက်ထည့်

 

 


မန္တလေး   ဇန်နဝါရီ   ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် မွေးမြူရေးဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရာ တွင်သင်ကြားမှုအထောက်အကူဖြစ်စေရန်အတွက် ပုသိမ်ကြီး စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ငါးကန်များ အတွင်းငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက အဆိုပါကျောင်း ငါးမွေးကန်တွင် ပြုလုပ်သည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ညီ တိုးနှင့် ဝန်ထမ်းများ၊ ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ သရက်ကုန်းငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀ အား မျိုးစိုက်ထည့်ပေးခဲ့သည်။ အလားတူ ပျဉ်းမနားစိုက် ပျိုးရေးသိပ္ပံကျောင်းနှင့် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်းတို့တွင်လည်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ထည့်သွင်းပြီး ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment