နေပြည်တော် ဇန်နဝါရီ ၁၈
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ နေပြည်တော် တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံအတွင်း ရေဆင်းငါးလုပ်ငန်း စခန်းမှ ထုတ်လုပ်သော နှစ်လက်မအောက်ခံအရွယ် ငါးမြစ်ချင်းသား ပေါက်ကောင်ရေ ၁၀၀၀၀၀ မျိုးစိုက်ထည့်သည့် အခမ်းအနားကို ဇန်နဝါရီလ ဒုတိယပတ်က ကျင်းပသည်။
ငါးမျိုးများစိုက်ထည့်
ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ရေဆင်းငါးလုပ်ငန်း စခန်းတာဝန်ခံ၊ ဒက္ခိဏခရိုင် တာဝန်ခံ၊ လယ်ဝေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံရေလုပ်သားများက စုပေါင်း၍ ငါးမျိုးများ စိုက်ထည့်ပေးသည်။
နည်းပညာများပံ့ပိုး ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ချောင်းမငယ်ရေလှောင် တမံအ တွင်းရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ချောင်းမငယ် ရေလှောင်တမံအနီးနေထိုင်သည့် ရေပေါ်လှောင်အိမ် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ရေလုပ်သားများနှင့် တွေ့ဆုံ၍ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးမွေးမြူရေး နည်းပညာများ ပံ့ပိုးပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ရေလုပ်သား များကသိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment