မြစ်ကြီးနား ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီအသင်းနှင့် ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြောကြား
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာ ရေးအဖွဲ့ (ASEAN-ERAT) သင်ရိုးညွှန်းတမ်းကို အခြေခံ၍ မြန်မာနိုင်ငံ၏ပထဝီအနေအထား၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းရေးဆွဲပြီး မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့ သင်တန်းသားများကို လေ့ကျင့်မွေးထုတ်ပေးခြင်းဖြစ်ပြီး သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်သည့်အခါတွင်လည်း ပြည်နယ်ဘက်မှ သင်တန်းသား ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့သင်တန်းတွင် ပါဝင်တက်ရောက်မည့် သင်တန်းသားများအနေဖြင့် မိမိတို့ဆောင်ရွက်ဆဲ ဖြစ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပြီး အများအကျိုးကို ပိုမိုသယ်ပိုးပေးနိုင်မည်ဖြစ်သည့်အတွက် တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို စေလွှတ်ပါဝင်တက်ရောက် နိုင်ရေး ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ အမြဲတမ်း အတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက ကချင်ပြည်နယ်အတွက် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်း ကျင်းပနိုင်ရေး လျာထားဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်း သာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်းရှိ အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ အံတော်ရှင်ဆရာတော် ဒေါက်တာအရှင်ညာဏဓဇအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment