Wednesday, January 19, 2022

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မြို့ကြီးရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံတို့ကို ကြည့်ရှု စစ်ဆေး

 


နေပြည်တော်   ဇန်နဝါရီ   ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇန်နဝါရီ ၁၆ ရက်က မြို့ကြီးရေလှောင်တမံသို့ရောက်ရှိ ပြီးရေလှောင်တမံ ရေဝင်ရောက်မှု၊ ရေယူ အဆောက်အအုံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ် စူးစမ်းလေ့လာရန် လိုအပ်ချက်များ၊ ကြိုတင်ကာကွယ်ရေး အစီအမံများဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ဒေသနေတောင်သူများ၏ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး ဖြည့်ဆည်းကူညီ ဆောင်ရွက် ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလေးထားဆောင်ရွက်

ယင်းနောက် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန  စက်မှုသီးနှံ နှင့် နှစ်ရှည်ပင်များ သုတေသနဌာနခွဲ၊ စိုက်ပျိုးရေး သုတေသနခြံ၏ သုသေတနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေမြေရာသီဥတုနှင့် ကိုက်ညီ၍ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး တောင်သူဝင်ငွေတွက်ခြေကိုက်သည့် မျိုးသန့်များ ထုတ်လုပ်ပေး ရန်၊တောင်သူများ၏ လိုအပ်အချက်အပေါ် အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

သင်တန်းများ ဖွင့်လှစ်ပေးရန်လို

အလားတူ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ပျော်ဘွယ်မြို့နယ် ချောင်းမကြီး မျိုးသန့်ခြံသို့ လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေး သုတေ သနခြံသို့လည်းကောင်း ရောက်ရှိပြီး ပိုက်ဆံလျှော်၊ ပဲတီစိမ်း၊ နှမ်း၊ စပ်မျိုးနေကြာ၊ ပဲစင်းငုံသီးနှံ သုတေသနလုပ်ငန်းများ၊ ဒေသနှင့် ကိုက်ညီသည့် အရည်အသွေးကောင်း အထွက်ကောင်းမျိုးစေ့ များ မျိုးပွားထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများ၊ မျိုးရိုးဗီဇမှန်ကန်သည့် မျိုးစေ့အရည်အသွေးနှင့် ပြည့်စုံသော မျိုးစေ့များ ရရှိရေးအတွက် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တောင်သူများအတွက် စီးပွားရေး တွက်ခြေကိုက်မည့် သီးနှံမျိုးများနှင့် နည်းပညာများ ဖြန့်ဖြူးပေးရန် လိုအပ်ချက်များ၊ သရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများ၊ တောင်သူပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရန်လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဇီဝက ဘက်စုံမွေးမြူရေးခြံ၏ ဥစားကြက်၊ အသားစားကြက်၊ ဒေသဆိတ်မျိုး၊ ဒေသမျိုးများနှင့် အသားတိုးနွားများ မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment