နေပြည်တော် ဇန်နဝါရီ ၁၈
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်း နှင့်ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအား ပေးကြရာ(ယာပုံ) ရခိုင်ပြည်နယ် အသင်းက မွန်ပြည်နယ်အသင်းကို ရလဒ် သုံးဂိုး-ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပွဲစဉ်တွင် (Women of the match) ဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ် ၁၀ မမြတ်မြတ်ဌေးအား ဆုငွေကျပ် ၅၀၀၀၀ ကို တာဝန်ရှိသူတစ်ဦးက ပေးအပ်ချီးမြှင့်သည်။
ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ တိုင်းဒေသကြီးနှင့် ပြည် နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဘောလုံး ဝါသနာရှင်များအနေဖြင့် အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV Sports Channel) လိုင်းမှ တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment