နေပြည်တော် ဇန်နဝါရီ ၁၈
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့၊ စိတ္တသုခဘုန်းတော် ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ထော်အောက်ကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ဉာဏသုခကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အေးရိပ်သာ ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘူးသီးတောင်မြို့နယ်၊ ဓမ္မမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်တွေမြို့၊ ပညာတပ်ဦးဘုန်းတော်ကြီး ကျောင်းတိုက်၊ တောင်ကုတ်မြို့နယ်၊ သဒ္ဓမ္မရောင်ရှိန် ဘုန်းတော်ကြီးကျောင်းတိုက်၊ ဂွမြို့နယ်၊ တောင်ပေါ် ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သန္တိသုခကျောင်းတိုက် တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူ ဒါန်းကြသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ “သီရိမင်္ဂလာ ဓမ္မရတနာ” သုံးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် ၁၀ သိန်းကို အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment