နေပြည်တော် နိုဝင်ဘာ ၂၃
နေပြည်တော် ဥတ္တရသီရိခရိုင်နှင့် ဒက္ခိဏသီရိခရိုင်အတွင်းရှိ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ဟိုတယ်လုပ်ငန်းများ၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသေးစားချေးငွေ လုပ်ငန်းများ အတွက် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ် နိုဝင်ဘာလအတွင်း အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာန၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက် နေသော မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍသည် ဝန်ဆောင်မှုလုပ်ငန်းများ၌ အရေးပါသော အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်နေ ကြောင်း၊ ခရီးသွားလုပ်ငန်းသည် တစ်ဦးတစ်ယောက်ချင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဝန်ဆောင်မှု ပြုလုပ်ရသည့် လုပ်ငန်းဖြစ်သဖြင့် လုပ်သားများ၏ ကျွမ်းကျင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာ၌ ဝန်ကြီးဌာန တစ်ခုတည်းသာမက ဌာနများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
ကဏ္ဍများအလိုက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အဆင့်လိုက် စာရင်းဇယားဖြင့် စနစ်တကျ ရေးသွင်းမှတ်သားပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းအားဖြင့် လုပ်ငန်းနယ်ပယ် အသီးသီး ရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာရေး အထောက်အပံ့ဖြစ်နိုင်ကြောင်း၊ အရည်အသွေးရှိသော ကောင်းမွန်သည့်ဝန်ဆောင်မှု များ ပေးစွမ်းနိုင်ရေးအတွက် အာဆီယံစံနှုန်းများနှင့်အညီ ကျွမ်းကျင်မှုအဆင့် သတ်မှတ်နိုင်ရေးကို ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်တို့က မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး၊ ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြကာ အစီအစဉ်ကို ရုတ်သိမ်းခဲ့ကြောင်း သိရ သည်။
အဆိုပါအစီအစဉ်သို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်းများမှ တာဝန်ရှိသူ များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင်နှင့် ဒက္ခိဏသီရိခရိုင်များအတွင်းရှိ ဟိုတယ် လုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် အသေးစားချေးငွေလုပ်ငန်းများမှ လုပ်ငန်းရှင်များက ဗီဒီယိုကွန့်ဖရင့်စနစ် ဖြင့် ပါဝင်တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment