Tuesday, November 23, 2021

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန တာဝန်ရှိသူများ၊ အထည်စက်ရုံနှင့် ဝါကြိတ်စက်ရုံခွဲများမှ စက်ရုံမှူးနှင့် စက်ရုံခွဲ တာဝန်ခံများ၊ မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်း နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဝါလုပ်ငန်းရှင် များ၊ ကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝါသီးနှံသည် ချည်ထည် လုပ်ငန်းများ အတွက် အရေးပါသောကုန်ကြမ်းဖြစ်ပြီး သဘာဝချည်မျှင်များကို ထုတ်ပေးသည့် အပင်ဖြစ်ပြီး မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာအတွက်ပါ အရေးပါသောသီးနှံဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက “မိမိတို့နိုင်ငံတွင် လူဦးရေ (၅၅) သန်း ခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည် အသုံး အဆောင်များနှင့် အဝတ်အထည်ပစ္စည်းများစွာ လိုအပ်လျက်ရှိကြောင်း၊ ချည်ထည်များ ထုတ်လုပ် နိုင်ရန် အဓိကအကျဆုံးဖြစ်သည့် ဝါစိုက်ပျိုးမှုများအား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုး သည့်ဝါများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝါများ အထွက်နှုန်း တိုးအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မည်ဖြစ်သကဲ့သို့ ပြည်တွင်း လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့် အထည်စက်ရုံ များသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား  ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျစဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်” လမ်းညွှန်မှုပြုထားကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရပ်ဆိုင်းထားသော ဝါကြိတ်စက်များ အား ယခုနှစ် ဝါရာသီအမီ ဝါကြိတ်ခွဲနိုင်ရေး အဆင်သင့်ပြုပြင် ပြင်ဆင်ထားပြီး ဝါဖြိုင်ဖြိုင်ပေါ်သော ရာသီတွင် ဝါကြိတ်စက်များ စတင်လည်ပတ်နိုင်ရေးအတွက် တင်ဒါစနစ်ဖြင့် ဝါဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါကြိတ်စက်များမှ ကြိတ်ခွဲရရှိသော ဝါဂွမ်းကုန်ကြမ်းဖြင့် နိုင်ငံပိုင် ချည်မျှင်နှင့် အထည်စက်ရုံများမှ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်းအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော ချည်ကုန်ကြမ်းအား တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ ဝါကုန်ကြမ်းကောင်းရရှိရေးအတွက် မြန်မာ့ရေမြေ ရာသီဥတုနှင့် ကိုက်ညီပြီး ပိုးမွှားဒဏ် ခံနိုင်ရည်ရှိသည့် အထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးခြင်း၊ မြေယာဖွံ့ဖြိုးမှုအစီအမံများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဝါစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးပညာရှင်များမှ ဝါစိုက်တောင်သူများအား ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝါလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံမှူးနှင့် စက်ရုံခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံ ဝါလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ၊ ဝါလုပ်ငန်းရှင်များ၊ ကုမ္ပဏီ များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေး အကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment