ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေး နွေးပွဲ (ဒုတိယပိုင်း) အစီအစဉ်”သို့ တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီးက ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ယခင် အပတ် ကကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲ(ပထမပိုင်း)၏
ဆွေးနွေးမှုများအပေါ် အခြေခံပြီး မဟာဗျူဟာ များဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ပညာရေးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးစသည့်
ကဏ္ဍ(၄)ခုဖြင့် အနာဂတ်ခရီးသွား လုပ်ငန်းစနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်
လက်ဆွေးနွေး ဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနတွင်းရှိ ဝန်ထမ်းများ
အနေဖြင့် တစ်ဦးချင်း သင်ယူတတ်မြောက် ထားသော စာတွေ့နှင့်လက်တွေ့ ပညာရပ်များကို နှိုင်းယှဉ်အသုံးချပြီး
မျှဝေပေးခြင်းဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုမြင့်မားလာစေခြင်း သာမက ခရီးသွားလုပ်ငန်း
တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာရေးအတွက် နိုင်ငံတကာအဆင့်၊ နိုင်ငံအဆင့်၊ ဝန်ကြီးဌာနအဆင့်
ထုတ်ပြန်ထားသော စီမံချက်များကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ပြီး အကောင်အထည်ဖော် သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်က လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားပါကြောင်း၊
ကိုဗစ်−၁၉ ကပ်ရောဂါ မှာ တစ်ကမ္ဘာလုံး ကြုံတွေ့ခံစားနေရသော ကပ်ရောဂါ ဖြစ်သည့်အတွက် ၎င်းနှင့်ရေရှည်
ယှဉ်တွဲလုပ်ကိုင်နေထိုင် ရမည်ဖြစ်သောကြောင့် ခရီးသည်များကို ဝန်ဆောင်မှုပေးရာတွင်
safe services ပေးနိုင်ရေးကို ကြိုးစားလုပ် ဆောင်သွား ကြရမည် ဖြစ်ကြောင်း၊ ဟိုတယ်နှင့်
တည်းခိုရိပ်သာများအနေနှင့် Enchanting Myanmar Health and Safety Protocol (HSP) ဆိုင်ရာ
နိုင်ငံအဆင့်အသိအမှတ်ပြု လက်မှတ်များအား လျှောက်ထား ရယူရန် လိုအပ်ကြောင်း ၎င်းမှတဆင့်
နိုင်ငံတကာအဆင့်သို့ တိုးမြှင့်ရယူသွားကြရေးအတွက် ကြိုးစားလုပ်ဆောင်သွား ကြရန်လိုအပ်ပါကြောင်း၊
ခရီးသွား လုပ်ငန်းများ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်
ကြရာတွင်လည်း ဥပဒေနှင့်အညီ သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်များ ရယူဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍
မဟာဗျူဟာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး၊ ခရီးသွားပညာရေးနှင့်
ဟိုတယ်နှင့်ခရီးသွားကဏ္ဍတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ် (၄) ခု ကို အဖွဲ့(၄)ဖွဲ့ခွဲကာ
စားပွဲဝိုင်း ဆွေးနွေးမှုများကိုဆောင်ရွက်ကြပြီး အဖွဲ့(၄)ဖွဲ့မှ ကိုယ်စားလှယ် များက
သက်ဆိုင်ရာခေါင်းစဉ်အလိုက် Panel Discussion ပြုလုပ်ကြသည်။
ထို့နောက်
ညွှန်ကြားရေးမှူးချုပ်က အဖွဲ့(၄)ဖွဲ့၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု
ဆွေးနွေးတင်ပြပြီး ညွှန်ကြားရေးမှူး၊ ဦးဇေယျာမျိုးအောင်က
အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ် လာသော ရလဒ်များအပေါ် အကျဉ်းချုပ် ရှင်းလင်းတင်ပြကာ
ပြည်ထောင်စု ဝန်ကြီးက ခေါင်းစဉ် (၄) ခုအလိုက် အကောင်အထည်ဖော် ကြရာတွင် နိုင်ငံတကာစံနှုန်းများ
နှင့်ပါ ယှဉ်တွဲလေ့လာသုံး သပ်ကြပြီး လိုက်လျောညီထွေရှိသော အသေးစိတ်စီမံချက်များဖြင့်
စနစ်တကျအကောင်အထည် ဖော်ကြရန်လိုအပ်ကြောင်း၊ အသိအမှတ် ပြုလက်မှတ်များရရှိ ထားခြင်းသာမက
အရည်အချင်း၊ အရည်အသွေးတို့နှင့်ပြည့်စုံသော ပုဂ္ဂိုလ်များ ဖြစ်ရန်လို အပ်ပါကြောင်း၊
တာဝန်ပေး အကောင်အထည်ဖော်ကြရာတွင် လူမှန်နေရာမှန် ဖြစ်စေရေး အတွက် ကြိုးစားလုပ်ဆောင်
သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးကြသူများကို ဂုဏ်ပြု
လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment