စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ဖွင့်ပွဲ အခမ်းအနား နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိုင်းလုံးဆိုင် နှင့်
ဦးရွှေကြိမ်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဒေါ်ယဉ်ယဉ်နွယ်၊
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်ရီ၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ
ညွှန်ကြားရေးမှူးချုပ်များနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ ကိုယ်စား လှယ်များ၊ အသင်းအဖွဲ့များ ကုမ္ပဏီများမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်တောင်သူ
ဦးကြီးများ နှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က
အဖွင့် အမှာစကား ပြောကြား ရာတွင် ရှောက်၊ လိမ္မော်၊ သံပုရာ မျိုးရင်းဝင်အပင်များကို
မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသရေမြေ ရာသီဥတု နှင့် ကိုက်ညီမှုပေါ်မူတည်၍ ကျယ်ကျယ်ပြန့်ပြန့်
စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ လက်ရှိ စိုက်ဧက စုစုပေါင်း(၁)သန်းခန့် ရှိသော်လည်း ပြည်တွင်း
လိုအပ်ချက် ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှု မရှိသေးသည့်အတွက် အိမ်နီးချင်းနိုင်ငံအချို့
နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ အချို့မှ တင်သွင်း နေရမှုကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုကို
ကြုံတွေ့နေရပါကြောင်း။ ဥပမာ အားဖြင့် ၂၀၂၀-၂၁ ခုနှစ် အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့်
ရှောက်၊ လိမ္မော်၊ သံပုရာ၊ဂရိတ်ဖရု စသော ရှောက်မျိုးနွယ်ဝင်သစ်သီးများ တင်သွင်းမှုမှာ
တန်ချိန်အားဖြင့် ၆ သောင်း ၇ ထောင် ကျော် ရှိပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ
(၂၃) သန်း ခန့်ဖြစ်ကာ ပြည်ပပို့ကုန်အနေဖြင့်
အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) သန်း ခန့်သာရှိကြောင်း။
ရေမြေအခြေအနေပေးသည့်
ဒေသများတွင် တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် သွင်းကုန် ထိန်းချုပ်ခြင်းကို ဆောင်ရွက်ခြင်းမရှိပါက
ရေရှည်တွင် ရှောက်၊ လိမ္မော်၊ သံပုရာစိုက် တောင်သူ များ၏ အကျိုးစီးပွား ထိခိုက်မှု
ရှိလာနိုင်သဖြင့် စိုက်ပျိုးရေး အခြေပြုသည့် မြန်မာ့ စီးပွားရေးကို လည်း တစ်စိတ် တစ်ပိုင်း
ထိခိုက်လာနိုင်ပါကြောင်း။
သို့ပါ၍
ယနေ့ ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ
(Citrus Fair, 2021) ကို ပြုလုပ်ကျင်းပရခြင်းဖြစ်ပြီး လိမ္မော်မျိုးများအပါအဝင် ရှောက်မျိုးရင်းဝင်
သစ်သီးပင် များနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရရှိရေး၊ အထွက်နှုန်းနှင့် အရည်အသွေးများ
တိုး တက်ရေး၊ စားသုံးမှုလုံခြုံစိတ်ချရသည့် ထွက်ကုန်ပစ္စည်းများရရှိစေရေး၊ ပြည်ပမှ
တင်သွင်း ရမှု လျှော့ချနိုင်ရေးနှင့် ပြည်ပ ပို့ ကုန်များတို့မြှင့်စေရေး၊ သဘာဝ ပတ်ဝန်းကျင်
ထိခိုက်မှုကိုလျော့ နည်းသက်သာ စေမည့် ခေတ်မီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ
၊ ဈေးကွက် နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ ရရှိရေးတို့အတွက် ရည်ရွယ်ကျင်းပ
ရခြင်းဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများ က ရှောက်၊
လိမ္မော်၊ သံပုရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021)
ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ပြခန်းများ၊ ပြိုင်ပွဲဝင်သစ်သီးများ၊ ဆုရသစ်သီးများ
ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍
ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများက
ဆုအမျိုးအစားများအလိုက် ပေးအပ်ချီးမြှင့်ကြရာ လိမ္မော်ခွံကျစ် (ကဗ္ဗလာ)ပြိုင်ပွဲ ပထမဆု
ရှမ်းပြည်နယ် မောက်မယ် မြို့နယ် မှ ဦးစိုင်းအောင်တင် ၊ ဒုတိယဆု မောက်မယ်မြို့နယ် မှ
ဦးထွန်းအောင်၊ တတိယဆု ပြင်ဦးလွင်မြို့နယ်မှ ထူးလိမ္မော်ခြံ က လည်းကောင်း၊ လိမ္မော်(ခွံပွ)ပြိုင်ပွဲ
ပထမဆု ရွာငံမြို့နယ်မှ ဦးကျော်စိုး၊ ဒုတိယဆု ကလော မြို့နယ်မှ ဦးအောင်ကျော်မိုး၊ တတိယဆု
ရပ်စောက်မြို့နယ်မှ ဦးခွန်သန်းထွန်း က လည်းကောင်း၊ ပျားလိမ္မော် ပြိုင်ပွဲ ပထမဆု ပင်းတယမြို့နယ်မှ
ဒေါ်တင်ဝင်းရွှေ၊ ဒုတိယဆု မိုင်းပျင်းမြို့နယ် မှ ဦးကျော်လွင်၊ တတိယဆု မိုင်းဆတ်မြို့နယ်မှ
ဦးကောလီ က လည်းကောင်း၊ ကျွဲကော ပြိုင်ပွဲ ပထမဆု ရွှေကျင်မြို့နယ်မှ ဒေါ်စန္ဒာဝင်း၊
ဒုတိယဆု အုတ်တွင်း မြို့နယ် မှ ဒေါ်မြ ၊ တတိယဆု သာယာဝတီမြို့နယ်မှ ဦးပိုက်တင် က လည်းကောင်း၊
သံပုရာ ပြိုင်ပွဲ ပထမဆု ကြာအင်းဆိပ်ကြီး မြို့နယ်မှ ဦးအောင်ဝင်း၊ ဒုတိယဆု နေပြည်တော်
Big M Group Co.,Ltd၊ တတိယဆု ရွာငံမြို့နယ်မှ ဦးမြင့်ရှိန် က လည်းကောင်း၊ ရှောက် ပြိုင်ပွဲ
ပထမဆု ပုသိမ်ကြီးမြို့နယ်မှ ဦးစိုးအောင်ထွန်း ၊ ဒုတိယဆု ကြာအင်းဆိပ်ကြီးမြို့နယ်မှ
ဦးမြတ်ကျော်၊ တတိယဆု မြဝတီ မြို့နယ်မှ ဦးလှဝေ တို့က လည်းကောင်း ဆုများ လက်ခံရယူကြသည်။
ယနေ့ကျင်းပပြုလုပ်သည့်
ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ ပြိုင်ပွဲတွင် ဒေသအသီးသီးမှ လိမ္မော်ခွံကျစ်(ကဗ္ဗလာ)၊
လိမ္မော်(ခွံပွ)၊ ပျားလိမ္မော်၊ ကျွဲကော၊ ပန်း လိမ္မော်၊ ဂရိတ်ဖရု၊ သံပုရာ ၊ ရှောက်
စသည့် သစ်သီး(၈)မျိုး ကို ပြိုင်ပွဲဝင်(၁၁၈)ဦးတို့က ပေးပို့ယှဉ်ပြိုင်လာကြခြင်းဖြစ်ပြီး
အရည်သွေးများအပေါ် စိစစ်၍ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ အထူးဆုများကို ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင်
ရှောက်၊ လိမ္မော်၊ သံပုရာမျိုးများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များ နှင့် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး
ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ လက်တွေ့ဆောင် ရွက်လျက်ရှိကြသည့် တောင်သူများ၊ ပညာရှင်များ၊
လုပ်ငန်းရှင်များ ပါဝင် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment