နေပြည်တော် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက
မသင်္ကာဖွယ်ရာ ဘဏ်ဝန်ထမ်းများဖြစ်သည့် ဘဏ်ခွဲဒုတိယမန်နေဂျာ သန်းဇော်ကို (၃၄) နှစ်နှင့်
လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ကျော်ဦး (၃၃) နှစ်နှင့် ဝေဖြိုးလှိုင် (၃၁)
နှစ်တို့အား ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့၏ ပြောကြားချက်အရ
ဓားပြတိုက်မှုတွင် ပူးပေါင်းပါဝင်သည့် ဝါတိုးရပ်ကွက်၊ ရမည်းသင်းမြို့နေသူ ကျော်စိုးသိန်း
(၂၉) နှစ် အား ဖမ်းဆီးစစ်ဆေးခဲ့သည်။
ကျော်စိုးသိန်း၏
ပြောကြားချက်အရ ရမည်းသင်း မြို့နယ်၊ ပေါက်ကုန်းကျေးရွာနေသူ ကျော်ခိုင်ဦး (၄၂) နှစ်အား
ဓားပြတိုက်မှုတွင် စီးနင်းခဲ့သည့် TARYAN-110အမျိုးအစား ဆိုင်ကယ် ၁ စီး၊ လျှာထိုးဦးထုပ်
၁ လုံးလက်ကိုင်ဖုန်း ၂ လုံးနှင့် လည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာနေသူ
ဇော်ကြီး (၃၈)နှစ်အား KENBO -110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ စတီးရိုးတပ် အရိုး/အသွား
၁ ပေခန့်ရှိ ဓားဦးချွန် ၂ ချောင်းနှင့် လည်းကောင်း၊ ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်နေသူ
ဒေါ်ကျင်ဌေး (၅၄)နှစ်နှင့် သမီးဖြစ်သူ သန္တာဖွေး (ခ) ဖွေးဖွေး (၂၄)နှစ်၏ နေအိမ်အပေါ်ထပ်တွင်
ဓားပြတိုက်မှုတွင် လုယူခဲ့သည့် ငွေကျပ် ၁၀၆,၅၀၀,၅၀၀ သိန်းအား လည်းကောင်း၊ ရမည်းသင်းမြို့၊
မြို့မရပ်ကွက်၊ ကျည်တော်ကုန်းရပ်နေ ဒေါ်ကျင်ဌေး၏ တူတော်စပ်သူ မောင်တိုး(ခ) တိုးတိုး
(ယာဉ်မောင်း)၏နေအိမ်၌ ငွေကျပ် ၅,၀၀၀,၀၀၀ သိန်း တို့အား လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီး
ဘဏ်ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သည့် တရားခံ ၉ ဦးအား ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
No comments:
Post a Comment