Thursday, November 25, 2021

ပြည်ထောင်စုဝန်ကြီး ဦးကိုကို “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီး ဇာတ်တိုက် လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

 



နေပြည်တော်   နိုဝင်ဘာ  ၂၄  

တိမ်မြုပ်ပျောက်ကွယ်လုဖြစ်သော မြန်မာ့သဘင်မှု၏ အမွေအနှစ်တစ်ရပ်ဖြစ်သည့် ဆို၊ ငို၊ ပြော ဇာတ်တော် ကြီးများကို ပြန်လည်ဖော်ထုတ် တင်ဆက်ကပြရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ဇာတ်စာရေးဆရာကြီး နန်းညွန့်ဆွေ(မန္တလေး) ရေးသားစီစဉ်တင်ဆက်သည့်စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နေပြည်တော်ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ နာရီတွင် ကြည့်ရှုစစ်ဆေးသည်။

စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်ဇာတ်တော်ကြီးတွင် မင်းသား တက္ကသိုလ်အားမာန်၊ မင်းသမီး ဝေဖူးငယ်နှင့် အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများ ပါဝင်ကြပြီး ဇာတ်ပို့ဆိုင်းအဖြစ် ရွာစားနိုင်လင်းဗိုလ်ဆိုင်းအဖွဲ့က တီးခတ်ပံ့ပိုးပေးထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment