Thursday, November 25, 2021

သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

 


နေပြည်တော် နိုဝင်ဘာ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၂၄၀ဖြင့် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့အတွက် စားအုန်းဆီ တန်ချိန် (၉၀၆၂ ဒသမ ၀၅)တန်၊ ပိဿာ (၅၅၄၅၉၈၀) ရောင်းချခဲ့ပြီး ဖြစ်သည်။ ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် ဆီအသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများ ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ် များသို့လည်း ဆက်လက်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကား ဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင်အသားတင်အကျိုးအမြတ် ( ရာခိုင်နှုန်း) ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချ သွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချ ပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်း အိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅။ ၀၉၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment