Thursday, November 25, 2021

“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်


 


နေပြည်တော် နိုဝင်ဘာ ၂၄

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့်တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်း ဆို ပြိုင်ပွဲ အုပ်စုပထမပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်။

အဆိုပါ ပွဲစဉ်၌ နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ တိုင်းရင်းသား ပြိုင်ပွဲဝင်များဖြစ်ကြသည့် အိဟေမာန်၊ စောထက်နေယံ၊ ဖွေးစုထွေး၊ ဇော်ထွေးလတ်၊ သုတ၊ ငြိမ်းချမ်းအောင်၊ ဈာန်ထူး၊ ဝင်းဝင်းထွေး နှင့် မေသဲစုတို့က ယှဉ်ပြိုင်သီဆို ကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ် တေးဂီတမှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်သည်။

တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆို ပြိုင်ပွဲကို နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကို

မောင်နှမ သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ () ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန် မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်လည်းကောင်း၊ နောက်ဆုံးပွဲစဉ် နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင်လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂ဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ် စဉ် သောကြာနေ့ညများတွင် သီဆိုယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment