နေပြည်တော် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဘွဲ့နှင်း သဘင်ခန်းမ အပါအဝင် ၂ နေရာခွဲခြား၍ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး
ထွန်းထွန်းနောင်က နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေနှင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် စေရေး၊ နယ်စပ်ဒေသများမှာ နေထိုင်ကြသည့် ပြည်သူများ၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးစေရေး ဟူ၍ မူဝါဒ ၄ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသား
လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်း၌ အခြေခံပညာရေးကို
အခမဲ့သင်ကြား ပေးလျက်ရှိပြီး အခြေခံပညာ အထက်တန်း အောင်မြင်သည့် တိုင်းရင်းသား လူငယ်များကို
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး
ရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်
(ရန်ကုန်၊ စစ်ကိုင်း)တို့တွင် အဆင့်မြင့်ပညာရပ်များကို အခမဲ့သင်ကြားပေးခြင်းဖြင့် အရည်
အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးလျက်
ရှိကြောင်း၊ ထို့အတူ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်း ကျောင်း ၉ ကျောင်း၊
အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၆ ကျောင်းတို့ကို ဖွင့်လှစ်ပြီး
အသက်မွေးဝမ်း ကျောင်းပညာများ တတ်မြောက်ရန်၊ အလုပ် အကိုင် အခွင့်အလမ်းများရရှိရန်၊ လူမှုစီးပွားဘဝ
တိုးတက်မြင့်မားရန် ထောက်ပံ့ကူညီပေး လျက်ရှိကြောင်း။
ဒီဂရီကောလိပ်(ရန်ကုန်)၏ သက်တမ်းကာလ တစ်လျှောက်တွင်
ယခုအချိန်အထိ ဝိဇ္ဇာဘွဲ့ ၄၉၈ ဦး၊ သိပ္ပံဘွဲ့ ၁၂၁၃ ဦး၊ B.Tech ၁၃၅ ဦး၊ အင်ဂျင်နီယာဒီပလိုမာ
၆၅၅ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ် ၂၅၀၁ ဦးကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး
ကျောင်းဆင်း သင်တန်းသားများသည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်လေ့လာ သင်ယူခဲ့ကြရာ
Ph.D ဘွဲ့ ၁၄ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၆၅ ဦး၊ မဟာ
သိပ္ပံဘွဲ့ ၁၂၂ ဦး၊ B.Tech ၃၂၆ ဦး၊ B.E ၃၀၁
ဦး၊ M.E ၁၅ ဦး ရရှိပြီးဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရန်
အတွက် ငြိမ်းချမ်း ရေးသည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်ကြလျှင်
ငြိမ်းချမ်းရေး မလွဲမသွေ ရရှိမှာဖြစ်ကြောင်း၊ တာဝန်ကျရာ ဝန်ကြီးဌာနအသီး သီးမှာ ဝန်ထမ်းများအဖြစ်
တာဝန် ထမ်းဆောင်သည့်အခါ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ များအတိုင်း တိတိကျကျလိုက်နာ
ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ကြီး အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အထူးအလေးထား တည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း။
မိမိတို့တာဝန်ကျရာဒေသများတွင် ကျန်းမာရေးအတွက် ဆောင်ပုဒ်ဖြစ်သည့် “အရက်၊ ကွမ်း၊ ဆေး ရောဂါပေး၍ ဆီ၊ ဆား၊ အချို အသက်တိုသည်၊ လမ်းလျှောက်၊လေရှု၊ ရေသောက်ခြင်း ကျန်းမာ ချမ်းသာရောဂါကင်း” ဆိုသည်ကို လိုက်နာကျင့်သုံး လက်ဆင့် ကမ်းပေးရမှာဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး နှင့် ကုန်ဈေးနှုန်း တည်ငြိမ် ကျဆင်းရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကိုလည်း ဒေသ ၏ လိုအပ်ချက်နှင့်အညီ ပါဝင် ပူးပေါင်း စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာ ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်
ထူးချွန်ဆုရရှိသူနှင့် သိပ္ပံဘာ သာရပ် ထူးချွန်ဆုရရှိသူတို့ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးလှစိုးက A.G.T.I ဒီပလိုမာထူးချွန်ဆုရရှိသူကို လည်းကောင်း ထူးချွန်ဆုများ
ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးဌာန ၁၇ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်း ဆင်းကျောင်း
သား ၂၁၃ ဦးတို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသား၊
ကျောင်းသူများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသားများကို တွေ့ဆုံ၍ ဂုဏ်ပြု
အားပေးစကား ပြောကြားသည်။
ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသား
လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်) အမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲတွင်
ဝိဇ္ဇာဘွဲ့ ၄၇ ဦး၊ သိပ္ပံဘွဲ့ ၇၈ ဦးနှင့် A.G.T.I ဒီပလိုမာ ၈၈ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ်
မောင်မယ် ၂၁၃ ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်များနှင့် သင်တန်းဆင်း
ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့နှင်း သဘင်ခန်းမနှင့် စားရိပ်သာများတွင် ၃ နေရာခွဲ
ခြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment