ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
COVID-19
သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်
အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး
(၂၅-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)
နာရီမှ (၂၆-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း
(၂၃,၄၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၉၃) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက်
ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၁၀) ရာခိုင်နှုန်းရှိပါသည်။
သို့ဖြစ်ပါ၍
ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၉၈,၅၄၉)
ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ
စုစုပေါင်း (၅၂၀,၇၀၆) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင်
ဆေးရုံဆင်းခွင့်ရရှိသူ (၆၄၁)
ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၄,၇၄၈) ဦး ဆေးရုံမှ
ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့်
ထပ်မံသေဆုံးသူ (၉) ဦး ရှိသဖြင့် ယနေ့ အထိ
သေဆုံးသူစုစုပေါင်း (၁၉,၀၆၇) ဦး ရှိပါသည်။
COVID-19
ရောဂါ ဖြစ်ပွားမှုအပေါ် စောင့်ကြပ်ကြည့်ရှုမှုအရ ရောဂါပိုးတွေ့ရှိနှုန်း (၃) ရာခိုင် နှုန်း အောက်သို့ ကျဆင်းလာသည်မှာ (၉) ရက်ဆက်တိုက်ရှိပြီဖြစ်ကာ
COVID-19 ရောဂါဖြင့် သေဆုံးသူဦးရေ (၁၀) ဦးအောက် လျော့ကျလာသည်မှာလည်း
(၅) ရက် ဆက်တိုက် ရှိပြီ ဖြစ်ပါသည်။
ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်းကာလအတွင်းတွင်
ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမြင့်မားခဲ့ သောမြို့နယ်
(၁၁၉) မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး အစီအစဉ် (Stay at home) သတ်မှတ်ဆောင်ရွက်၍
ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်
ရွက်ခဲ့ရာတွင် လူနာသစ်တွေ့ရှိရမှုနှင့်
ပိုးတွေ့ရှိနှုန်း လျော့နည်းကျဆင်းလာ သော
မြို့နယ်များအား (Stay at home) မြို့နယ်အဖြစ်မှ ဖြေလျှော့ပေးလျက်ရှိရာ ယနေ့ အထိ နေအိမ်တွင်နေထိုင်ရေး
အစီအစဉ်တွင် ဆက်လက်အကျုံးဝင်နေသည့် မြို့နယ်
(၁၁) မြို့နယ်သာ ကျန်ရှိပါသည်။
ကိုဗစ်-၁၉
ရောဂါကြောင့် ထိခိုက်ခဲ့သည့် လူမှုစီးပွားလုပ်ငန်းများ အမြန်ဆုံး ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန် အတွက်
ဖြေလျှော့မှုများဆောင်ရွက်ပေးလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန်လည်မြင့် တက်လာနိုင်သည့်
အခြေအနေကို သတိပြုကာကွယ်ရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍
နေအိမ်တွင်နေထိုင်ရေးအစီအစဉ်
(Stay at home) တွင် ဆက်လက်ပါဝင်သည့် မြို့နယ်များတွင်
နေထိုင်သူများအနေဖြင့်လည်းကောင်း၊ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at
home)တွင် ဆက်လက်ပါ ဝင်ခြင်းမရှိတော့သည့်
မြို့နယ်များတွင်လည်းကောင်း၊ နေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at home)တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့် မြို့နယ်များ တွင်လည်းကောင်း ကိုဗစ်-၁၉
ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်၍ သတိပြု လိုက်နာဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက် မကွက်ခံယူခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ
ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ပြည်သူလူထုအနေဖြင့်
မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment