သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး နည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မန္တလေးကွန်ပျူ တာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူ
များနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်နေသည့်
အခြေအနေများ၊ ဒေသအကျိုးပြု သုတေသန ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ များနှင့် အမျိုးသားစံချိန်စံ
ညွှန်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေ သန
ဆိုင်ရာကိစ္စ၊ စီမံကိန်းဆိုင်ရာကိစ္စ၊ တိုင်းဒေသကြီးအနေဖြင့် ကူညီပူးပေါင်းဆောင်ရွက်ပေးနိုင်မည့်အခြေ
အနေများကို ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယ-မြန်မာ
နှစ်နိုင်ငံပူးပေါင်း ဖွင့်လှစ်ထားသော မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး
ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူ
မှုကိစ္စရပ်များ၊ အိုင်စီတီအသုံးပြု၍ သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ၊
လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကိုပိုမိုတိုးတက်အောင် ဆောင်ရွက် သွားမည့်အခြေအနေများ၊
အိန္ဒိယနိုင်ငံရှိ India Institute of Information Technology – Bangalore(IIIT-B)
နှင့် တက္ကသိုလ်အချင်းချင်း ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင်
တာဝန်ထမ်း ဆောင်လျက်ရှိသော အိန္ဒိယပညာရှင် များ နှင့် နိုင်ငံတကာအဆင့်မီတက္ကသိုလ်အဖြစ်
အဆင့် မြှင့်တင်ဆောင်ရွက်မည့် အခြေအ နေများ၊ ကျောင်းများ ပြန်လည်ဖွင့်ရာတွင် အဆင်သင့်ဖြစ်စေနိုင်ရေး
ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိသည့် အခြေအနေများကို မှာကြားသည်။
ထို့နောက် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာဝင်းအေးက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ပြီး
တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ချိန်တွင် အဆင်သင့်ဖြစ် စေနိုင်ရေးအတွက် ပြင်ဆင် ထားသော
စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် စာကြည့်တိုက် များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနည်းပညာတက္ကသိုလ်၊
နည်းပညာ တက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှု
သိပ္ပံ(ပြင်ဦးလွင်)ရှိ တက္ကသိုလ်၊ သိပ္ပံများမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊
ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ အရည်အသွေးပြည့်ဝသော
သင်ကြားသင်ယူမှုများ အကောင် အထည်ဖော်ဆောင်နိုင်ရေး၊ သုတေသန ဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်
များအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီး
ဌာနမှ ကူညီထောက်ပံ့ ပေးထားသော အားကစားပစ္စည်းများကို တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်း များသို့
ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment