Saturday, September 4, 2021

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်စရိတ်နှင့် စက်သုံးဆီထောက်ပံ့ ပေးအပ်

 


မိုင်းဆတ် စက်တင်ဘာ ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်စရိတ်နှင့် စက်သုံးဆီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းက ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ များနှင့် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်တာဝန်ကျဝန်ထမ်းများ စားသောက်မှုအဆင်ပြေစေရန် စေတနာရှင် အလှူရှင်များက လှူဒါန်းပေးနေမှု၊ Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးဝါးကုသပေးနေမှု၊ Volunteer များပါဝင်ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် စက်သုံးဆီဖိုး ငွေကျပ်(၃၇၈၀၀၀၀)ကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်က အဖြူရောင်လူငယ်အဖွဲ့(၈)ဦးအတွက် စားစရိတ်ထောက်ပံ့ငွေကျပ် (၉၆၀၀၀၀)ကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (၈)ဦးအတွက် စားစရိတ်ထောက်ပံ့ငွေကျပ်(၉၆၀၀၀၀)ကိုလည်းကောင်း၊ မြို့နယ်လမ်းဦးစီးမှူး ဦးကြင်မောင်စန်းက ကြက်ခြေနီအသင်း(၄)ဦးအတွက် စားစရိတ်ထောက်ပံ့ငွေကျပ်(၄၈၀၀၀၀) ကိုလည်းကောင်း ပေးအပ်ကြရာ သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)

 

 

သတင်းပေးပို့သူ- မြင့်မောင်(မိုင်းဆတ်)

ဖုန်း-၀၉၂၅၀၆၂၃၉၆၃

No comments:

Post a Comment