Saturday, September 4, 2021

တရုတ်နိုင်ငံက အခမဲ့လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သောင်း မူဆယ်နန်းတော်ဂိတ်တွင် စတင်လက်ခံ

 


မူဆယ် စက်တင်ဘာ ၄


ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်သည် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံစားမှုလည်း အတူတူပင်ဖြစ်ခဲ့ပါသည်။

ထို့ကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်အစိုးရက နယ်စပ်ချင်းထိစပ်သော ရပ်ဝန်း ပြည်သူအချင်းချင်း ကူးလူးဆက်ဆံနေရသော မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်များအတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophtam) အမျိုးအစား၊ အလုံးပေါင်း၂၀၀၀၀၀(နှစ်သိန်း)အား အခမဲ့ကူညီ လှူဒါန်းပေးမည် ဖြစ်သည်။

ယမန်နေ့ ညနေ ၅ နာရီက ပထမဆုံးအသုတ် ဆေးလုံး(၁၀၀၀၀) တစ်သောင်းကို ရွှေလီကျန်းမာရေးဌာန၊ CDC ရောဂါခုခံတိုက်ဖျက်ရေးဌာနမှ ဒုတိယဌာနမှူး မစ္စဝမ်ယိုးပန်နှင့် အဖွဲ့မှတဆင့် မူဆယ်မြို့ နန်းတော်နယ်စပ်ဂိတ်သို့ ပို့ဆောင်ပေးအပ် လာပါသည်။

ထိုသို့တရုတ်နိုင်ငံအစိုးရမှ ပေးပို့လှူဒါန်းလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinophram အမျိုးအစား အလုံး ၁၀၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်အဖွဲ့က လက်ခံရယူပါသည်။

အဆိုပါကာကွယ်ဆေး အားလုံးရောက်ရှိလာပါက မူဆယ်ရပ်ဝန်းပြည်သူများ အလုံအလောက် ဆေးထိုးနှံနိုင်မည် ဖြစ်ကြောင်း သိရသည်။

အယ်လ်စိုး

No comments:

Post a Comment