ရွှေတောင် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းက ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်၊တိုက်နယ်ဆရာဝန် များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ခံရမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်မှုများနှင့်ပက်သက်၍ မေးမြန်းခြင်းနှင့်တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွါးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉
ရောဂါကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် ထောက်ပံ့ငွေများပေး
အပ်ခဲ့ပြီး ပြည်သူ့ဆေးရုံအတွက် Oxygen Concentrator များနှင့် လူမှုကူညီရေးအသင်း များအတွက်
PPE ဝတ်စုံ ၂၀၀၊ခေါင်းစွပ် ၂၀၀ နှင့်ခြေစွပ် ၂၀၀ တို့ကိုပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးမှ
လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment