Thursday, September 2, 2021

ချောက်မြို့ တွင် ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့် ရွှေ့ပြောင်း အိမ်ထောင်စုများ ဆန်ရိက္ခာထောက်ပံ့ငွေပေးအပ်

 


ချောက်     စက်တင်ဘာ   

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ယ‌မန်နေ့အထိ အမှတ်(၇) ရပ်ကွက် အုတ်ဖိုရပ် နှင့်ရွာဟောင်းရပ် အိမ်‌ထောင်စုပေါင်း (၃၂)စု၊ လူဦးရေ(၁၄၄)ဦး၊ အမှတ်(၈)ရပ်ကွက် ပုဂံစုရပ်အိမ်‌ထောင်စုပေါင်း(၁၀)စု၊ လူဦးရေ(၃၆)ဦးသည် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုကြောင့်‌ ယနေ့မှစတင်၍ရေဘေးရှောင် ယာယီစခန်းများ၌ ရွှေ့ပြောင်းကြောင်း သိရသည်။

ချောက်မြို့၏စိုးရိမ်ရေအမှတ်သည် ၁၄၅၀ စင်တီမီတာရှိရာ ယနေ့‌နံနက်၁၂နာရီအချိန် ဧရာဝတီမြစ်‌ရေ တိုင်းထွာချက်မှာ ၁၄၁၉စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရပြီး ရေဘေးရှောင်ယာယီစခန်းနေရာများဖြစ်သော အမှတ်(၇)ရပ်ကွက်အုတ်ဖိုရပ်ရှိ စားသုံးသူရေးရာ ဦးစီးဌာနပိုင်ဆန်ဂိုထောင်ဝင်း၊ အမှတ်(၇)ရပ် ကွက် ရွာဟောင်းရပ်လမ်းထိပ် ရေနံ လျှပ်စစ်ဌာန ဘေးလမ်းကြား၊ အမှတ်(၈)ရပ်ကွက်ပုဂံစုရပ်ရေနံတန်းလျား ဝင်းတို့တွင်အသီးသီး ရွေ့ပြောင်းနေကြရသည်။

အဆိုပါရေဘေးရှောင်အိမ်ထောင်စုများကို ချောက်မြို့ဘေး အန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ရာလူတစ်ဦး တစ်ပတ်စာ ဆန်ရိက္ခာငွေကျပ်၂၁၀၀နှုန်း ဖြင့်အမှတ် (၇)၊အမှတ်(၈)ရပ်ကွက်မှ ရေဘေးရှောင်အိမ်ထောင်စုပေါင်း(၄၂)စု၊ လူဦးရေ(၁၈၀)ဦးစာအတွက် ဆန်ရိက္ခာငွေ ကျပ်၃၇၈၀၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဦးစောမြဖောင်း   တို့မှ   ဆန်ရိက္ခာထောက်ပံ့ငွေပေးအပ်ရာ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက်မှအုပ်ချုပ်ရေးမှူးတို့က လက်ခံယူခဲ့သည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကရေဘေးရှောင် အိမ်ထောင်စုဝင်များ အားလုံးအတွက် နှာခေါင်းစည်း (mask)များအခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးစိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဦးစောမြဖောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတို့က ရေဘေးရှောင် အိမ်ထောင်စုများ၏ နေထိုင်ရေး၊ ကျန်းမာရေးတို့အား မေးမြန်းခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက်မြစ်ရေဝင်ရောက်နေသော နေရာတို့အား ကွင်းဆင်းကြည့် ရှုခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)

No comments:

Post a Comment