Thursday, September 2, 2021

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

 


စစ်ကိုင်း စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုက်ငန်းများ ဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း ခြင်းကို တကောင်းရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင် နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လှူဒါန်းပွဲတွင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးက ကိုဗစ်-၁၉ ရောဂါ ပထမ၊ ဒုတိယ၊ တတိယလှိုင်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ၏ အမှန်တစ်ကယ်လိုအပ်မည့် ကာကွယ်ရေး သုံးပစ္စည်းများ လှူဒါန်းပေးရ ခြင်းဖြစ်ကြောင်း၊ မိမိတို့အသင်းအနေဖြင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်ခြင်းမရှိပေမဲ့ အခုလိုလှူဒါန်းပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေမှာ ဖြစ်ကြောင်း ပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်းရာတွင် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ များ၊ တရားရုံး၊ ဥပဒေရုံးများ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်/ ကျေးရွာ လူမှုကူညီ ရေးအသင်းအဖွဲ့များသို့ အောက်ဆီဂျင်(၄၀)လီတာအိုး(၆၁)လုံး၊ PPE (၂၅၀)စုံ၊ Death Body Bag (၁၂၅) ခု၊ Face Shield (၁၅၀)ခု၊ Mask ဗူး(၉၅)ဗူးနှင့် Test Kit (၁၅၀)ခုတို့အား လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်

No comments:

Post a Comment