မိုးကောင်း စက်တင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်သို့ လာရောက်၍ Mask Campaign ပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးပစ္စည်းများ ယမန်နေ့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်နှင့်အတူ သယံဇာတရေးရာ ဝန်ကြီးဌာနဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီးဌာန
ဝန်ကြီးဦးဝင်းရဲထွန်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီးဦးကျော်မင်းခိုင်၊ ပြည်နယ်စိုက်ပျိုးရေး
ဦးစီးဌာနမှူး ဦးဌေးလွင်၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းအေး၊
ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မိုးကောင်းမြို့နယ်
စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက
မိုးကောင်းမြို့မဈေး၌ ယမန်နေ့ နံနက် ၉ နာရီတွင် ဈေးရောင်းသူများနှင့် ဈေးဝယ်ယူသူများအား
Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
အထက(၂)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဆေးထိုးနေမှုနှင့် ဆေးရုံဝန်းရှိ အောက်ဆီဂျင်စက်
အောက်ဆီဂျင် ထုတ်လုပ်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲကို မိုးကောင်း မြို့တော်ခန်းမ၌
ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားပြီး ကချင်ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးတို့ကလည်း
သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ပြောကြား ခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ဝန်ကြီးချုပ်မှပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး
အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က လက်ခံရယူပြီး ကုသရေးလုပ်ငန်းသုံး ထောက်ပံ့ရေး ပစ္စည်းများကို
မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံမှ လက်ခံရယူခဲ့ပြီး ကချင်ပြည်နယ်
အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ထောက်ပံ့သည့် အားကစားသုံးပစ္စည်းများကို စည်ပင်ကော်မတီဝင်
ဦးမင်းကိုလေး က လက်ခံရယူခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းသုံး ပစ္စည်းများတွင် PPE ဝတ်စုံအစုံ
၃၀၀စုံ၊ N 95 Mask ၁၂၀၀ ဗူး၊ Surgical Mask ၁၀၀၀၀၊ လက်အိတ် ၃၀၀၀၊ familycare ဆပ်ပြာခဲ ၃၀၀၊ O2 Concentrator 5l ၁၀
လုံး၊ 10l ၅ လုံးပါဝင်သည်။
၎င်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ
ထောက်ပံ့သည့် ဟင်းသီးဟင်းရွက်မျိုးစေ့များအား သယံဇာတရေးရာ ဝန်ကြီးကပေးအပ်ရာ တောင်သူဦးအိုက်ထွန်းမှ
လည်းကောင်း၊ နှစ်ရှည်ပျိုးပင် များအား လူမှုရေးရာဝန်ကြီးမှပေးအပ်ရာ တောင်သူဦးခမ်းအိုက်မှ
လည်းကောင်း၊ မွေးမြူရေး အထောက်အကူပြု ဆေးဝါးများအား တိုင်းရင်းသားရေးရာ ဝန်ကြီးက မွေးမြူရေးအထောက်အကူပြု
ဆေးဝါးများပေးအပ်ရာ မွေးမြူရေးတောင်သူ ဦးယျဝင်းမှ လည်းကောင်း အသီသီးလက်ခံ ရယူခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်
မြတောင်ကျေးရွာ ကွင်းအမှတ်(၆၄) တောင်သူ ဦးလင်းအောင်၏ လယ်၌မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ
ကြီးမှူး ဆောင်ရွက်သော ဆင်းဧကရီ-၃မျိုးစေ့ထုတ် စံပြစိုက်ခင်း၌ ဓါတ်မြေဩဇာနှင့်သဘာဝ
မြေဩဇာထည့်သွင်းခြင်း လုပ်ငန်းကိုလည်း အားပေးကြည့်ရှု၍ စိုက်ပျိုးရေး တောင်သူများကိုလည်း
ဟင်းသီးဟင်းရွက် မျိုးစေ့များကို ပေးအပ်ကာ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ကြရန် အားပေးစကား
ပြောခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)
No comments:
Post a Comment