Wednesday, September 8, 2021

ကျောက်ဖြူခရိုင်အတွင်းရှိ ဆေးရုံများသို့ Kyaukphyu Electric Power Company Limited မှ ဒုတိယအကြိမ် အောက်ဆီဂျင်အိုးနှင့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း

 


ကျောက်ဖြူ    စက်တင်ဘာ ၈

ကျောက်ဖြူခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် သုံးပြုရန် Kyaukphyu Electric Power Company Limited မှ အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို  ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ မွန်းတည့် ၁၂ နာရီအချိန်ကပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ Kyaukphyu Electric Power Company Limited  Deputy CEO Mr, David ZHU   က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် Kyaukphyu Electric Power Company Limited တာဝန်ရှိသူများက Oxygen 40L ၂၀ လုံး၊ Flow Meter ၂၀ ခု၊ Oxygen Face Mask ၂၀ ခု အားပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင် စကားပြန်လည်ပြောကြားရာတွင် ဒေသခံတိုင်း ရင်းသား၏အကျိုးကို ရှေ့ရှုပြီး လှူဒါန်းပေးတဲ့အတွက် ဒေသခံတိုင်းရင်းသားများကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း၊ ယခုလိုလှူဒါန်းပေးရခြင်းကြောင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး အဓွန့်ရှည်ခိုင်မြဲပါစေလို့ ဆုတောင်းစကားပြောကြား ခဲ့သည်။

အဆိုပါလှူဒါန်းပွဲကို ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ Kyaukphyu Electric Power Company Limited တက်ရောက်ခဲ့ကြပြီး အလှူလက်ခံရရှိသော ပစ္စည်းများအား ခရိုင်အတွင်းရှိ ပြည်သူ့ ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများတွင်အသုံးပြုရန် ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

No comments:

Post a Comment